Saturday, May 25, 2013

Blogger ဆိုတာ / အင်တာနက်ဂျာနယ်လစ် / နိုင်ငံသားဂျာနယ်လစ်

Blog/Blogger/Blogging ၁၉၉၇ ခုနှစ်က ရိုဘော့ဝစ်စဒမ့်ကွမ် ၀က်ဘ်ဆိုက်မှာ စတွေ့ရတဲ့ ဝေါဟာရလို့ အဆိုရှိပါတယ်။ စသုံးစဉ်က weblog ပါ။ နောက်မှ အတိုချုံ့ပြီး Blog ဖြစ်လာရာကနေတွင်ကျယ်လာတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အတိအကျဘာသာပြန်ဖို့မလွယ်တာမို့ “ဘလော့” ပဲထားလိုက်ကြပါစို့။ အဓိပ္ပယ်က ကွန်ပျူတာကီးဘုတ်၊ ဒါမှမဟုတ် ဆဲလ်ဖုန်းသုံးပြီး ကိုယ်ပြောချင်၊ ရေးချင်ရာတွေ ချရေးလို့ရတဲ့ ၀က်ဘ်ဆိုက်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် နိစ္စဓူဝကိစ္စတွေကို မှတ်တမ်းတင်ကြတာမို့ အင်တာနက်ဒိုင်ယာရီလို့လည်း ခေါ်ကြတာ ရှိတယ်။ တချို့က ကိုယ်ပိုင်ဝက်ဘ်ဆိုက်တင်ပြီး ကိုယ်ပိုင် “ဘလော့” တွေ ထောင်ထားကြတာ ရှိသလို ဘယ်သူမဆို တစ်ပြားမှပေးစရာမလိုဘဲ ဖရီးဝင်ရေးလို့ရတဲ့ ၀က်ဘ်ဆိုက်တွေလည်းအများကြီး ရှိပါတယ်။

“ဘလော့ဂါ” Blogger ဆိုတာက အဲသလို မိုးပေါ်မှာ စာရေးတဲ့သူတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာ အင်တာနက်ဂျာနယ်လစ် လို့ခေါ်ကြတာရှိသလို နိုင်ငံသားဂျာနယ်လစ်လို့ ခေါ်ကြတာလည်း ရှိရဲ့။ သူ့အကြောင်းနဲ့သူလို့ ဆိုရပါလိမ့်မယ်။ ဒီလို အွန်လိုင်းပေါ်မှာ စာရေးကြတာမျိုးကို “ဘလော့ဂင်း” Blogging လို့ခေါ်ပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့ဂါတွေစုပြီး အကြောင်းအရာတစ်ခုခုကို “တည်” ဆွေးနွေးကြ တာမျိုးကိုလည်း “ဘလော့ဂင်း” လို့သုံးလာကြပါတယ်။

“ဘလော့လုပ်ရှားမှု” ဟာ စခါစကတော့ သာမန်လို့ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့သဘော့မို့ ဒိုင်ယာရီရေးတာနဲ့ တူတယ်။ မကွာလှ ပါဘူး။ ရေးကြ ပြောကြတဲ့ အကြောင်း အရာအများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ “မာမီက ပြောတယ်၊ ဒီနေ့မိုးရွာမယ်” တဲ့ စတာမျိုး။ နောက်တော့ အများနဲ့သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ ဘလော့လုပ် လာကြတယ်။ ဘလော့ဂါ အချင်းချင်းလည်း အပြန်အလှန်ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာတယ်။ ဒါကြောင့်လည်း “အင်တာနက်ဂျာနယ်လစ်”လို့ ခေါ်လာကြတာဖြစ်မယ် ထင်ပါရဲ့။

ဘလော့လှုပ်ရှားမှုရဲ့ ထူးခြားချက်က ဘာအကန့်အသတ် အထိမ်းအချုပ်မှ မရှိတာပါ။ ဥပဒေနဲ့ ကန့်တာထိမ်းတာ မပြောနဲ့၊ အယ်ဒီတာတောင်မရှိဘူး။ ကိုယ်ရေးချင် ၊ ပြောချင်တာကို လွတ်လွတ်လပ်လပ်ရေးချကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့လူတွေဘက်ကလည်း အရေးယူဖို့မလွယ်ပါဘူး။ အခုလို အထိန်းအချုပ်မရှိလို့ ဗရမ်းဗတာဖြစ် တာမျိုး ရှိသလောက်ရှိပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ သတင်းစီးဆင်းမှုကို အားပေးတာတော့ အမှန်ပဲ။ နိုင်ငံသားအခွင့်အရေး (Citizen Right) ကို အပြည့်အ၀ အသုံးချကြတာမို့ နိုင်သံသားဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်းရှိတယ်။

မီဒီယာလောကအနေနဲ့ ဘလော့ဂါ တွေကို အလေးထားလာရတဲ့ ကိစ္စကတော့ သူတို့ရဲ့ “ခရာမှုတ်သူ” (whistle blower) အခန်းကဏ္ဍကြောင့်လို့ဆိုပါတယ်။ C.B.S လိုအကျော်ဒေးယျမီဒီယာကြီးကိုတောင် ဘလော့ဂါတွေက ဖွင့်ချဖူးလို့ မီဒီယာ တော်တော်များများက ဖြုံကြတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မြေပေါ်မီဒီယာတွေ ဘယ်လိုမှရဖို့ မလွယ်လောက်တဲ့သတင်းဦး၊ သတင်းထူးတွေ ပေးနိုင်တာမို့၊ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်ပြန်တယ်။ “တံခါးဖွင့် စူးစမ်းလေ့လာကြတဲ့ သတင်းခန်းမတွေ” (open-source newsrooms) တွေ အွန်လိုင်းပေါ်မှာ အပြိုင်းအရိုင်းပေါ်လာတာ ဘလော့ဂါတွေရဲ့ ကျေးဇူးကြောင့်လို့ ပြောနိုင်စရာ ရှိပါတယ်။

အီရတ်စစ်ပွဲ အကြိုကာလလောက်ကစပြီး မီဒီယာလောကသာမကတော့ဘူး နိုင်ငံရေးလောက , ကပါ ဘလော့ဂါတွေကို အလေးထားစောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိ့ဘလော့ဂါတွေရဲ့ အဘောထားအမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ် ဆိုပဲ။ ပညာရှင်တချို့ကဆိုရင် ဘလော့ဂါတွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနေကြတဲ့ “ခရုဆိတ်တာ” တွေလို့တောင် အမွှန်းတင်ကြတယ်။

ဘာပဲဖြစ်ဖြစ် ဘလော့လုပ်ရှားမှုဟာ စတာဘာမှ မကြာလှသေးပေမဲ့ အံသြလောက်အောင် အပြန့်ကျယ်လာတာတော့ သေချာတယ်။ အခုလောလောဆယ် ၀က်ဘ်ဆိုက်ပေါ်မှာ ဘလော့ပေါင်း သန်းဝက်ကျော်နေပြီလို့သိ့ရတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာကိုပဲ ဘလော့ဂါ ပရိသတ် (၃၂) သန်းထိရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့တိုင်းမ် ဂျာနယ်လစ် “တောမတ်ဖရီးမင်း” ကတော့ ဘလော့လှုပ်ရှားမှုကို “တံခါးမရှိ ၊ ဓားမရှိ စူးစမ်းလေ့လာရေး” (open-source) လို့ အကဲဖြတ်တယ်။ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ ရိုက်ချက်တစ်ခုလို့လည်း ဆိုပါတယ်။

Reference : စာရေးဆရာ ကျော်ဝင်း ၏ “ဆိုက်ဘာဓလေ့ အကောက်အယူများ” စာအုပ်မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါသည်။

Wednesday, April 17, 2013

နူးကလိယားအကြောင်း သိကောင်းစရာ

နျူကလိယဗုံး ပေါက်ကွဲခြင်း ဟူသည်.......
နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင် လေ့လာ ရပါမယ်။
အသုံးပြုသော သတ္တုအမျိုးအစား
အဓိက အသုံးပြုတဲ့ ပစ္စည်းကတော့ ပလူတိုနီယံ သတ္တု နဲ့ ယူရေနီယမ် ဖြစ် ပါတယ်။ ပလူတိုနီယမ်မှာ ထူးခြားချက် နှစ်ခုက ရေဒီယို ဓာတ်ကြွခြင်း ဓာတုဓာတ်ပြုခြင်း ဖြစ်ပါတယ်။ ယူရေနီယမ်ကတော့ ရေဒီယို ဓာတ်ကြွမှု နည်းပေမယ့် ကျန်တာကတော့ တူပါတယ်။ ယင်း အချက်နှစ်ချက်ကြောင့် ပဲ နျူကလိယဗုံးအတွက် အသုံးပြု ရတာ ဖြစ် ပါတယ်။ ပလူတိုနီယမ် တစ်ခုတည်းကိုပဲ အသုံးပြုလို့ မရပါဘူး။ အလိုလိုနေရင်းနဲ့ကို ယခုလို ဓာတ်ကြွပြီး ဓာတ်ပြုချင်နေတဲ့အတွက် ပတ်ပတ်လည်မှာ ကာရန်ပေးထား၊ ကာကွယ်ပေးထားရတဲ့ အခြားသော သတ္တုများလည်း ရှိနေပါသေးတယ်။ ပလူတိုနီမ်-239 ဆိုတာကလည်း ယူရေနီယမ်ကနေ ပြန်လည် ဓာတ်ခွဲယူထားတာ ဖြစ်ပါတယ်။
နျူကလိယဗုံးလို့ခေါ်ရတဲ့ အကြောင်းအရင်းတော့ နျူကလိယဓာတ်ပြုခြင်း လုပ်ဆောင်ချက်ကို လုပ်လို့ ဖြစ်ပါတယ်။ နျူလိကယ ဓာတ်ပြုမှု အက်တမ် တစ်ခုရဲ့  အလယ်ဗဟိုက နျူကလိယနဲ့ အခြား အက်တမ်များရဲ့  အလယ်ဗဟို က နျူကလိယတို့ ပွတ်တိုက်ပြီး နောက်ထပ် နျူကလိယတွေ၊ အက်တမ်တွေ ဆက်တိုက်မွေးဖွားလာခြင်း ဖြစ်ပါတယ်။ ယင်း ဖြစ်စဉ်က တော်တော်လေး ကို မြန်ဆန်ပါတယ်။ ဒါကြောင့် သူ့ကို အက်တမ်ဗုံး (Atomic bomb) လို့လည်း ခေါ်ပါတယ်။
နျူကလိယဗုံး ပေါက်ကွဲခြင်း
နျူကလိယ ဗုံးကြဲလိုက်တယ်ဆိုတာ ပလူတိုနီယံ၊ ယူရေနီယဆ်ကို အပြင်က ကာကွယ်ပေးထားတဲ့ သတ္တုအလွှာကို ဖယ်ရှားပေးခြင်း သို့မဟုတ် အပြင် သတ္တုထက် ပိုမိုအားပြင်းသော Input တစ်ခုပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ အမြင့်ပေပေါင်းထောင်ချီက ပစ်ချတဲ့ ပလူတိုနီယမ်ဗုံးက များသော အားဖြင့် မပေါက်ကွဲစရာ အကြောင်းမရှိပါဘူး။ သူ့ကို ထိန်းသိန်း ထားလို့တော့ သာမန်အခန်းအပူချိန်နဲ့ မရနိုင်တာ အပြင်မှာ ဖြစ် သလို ပစ်ချတော့ ကြိမ်းသေကွဲပါတယ်။ နျူကလိယဗုံး ကြဲချ လိုက်ပြီ ဆိုပါစို့။
Fission လို့ခေါ်တဲ့ အနုမြု မျိုးပွားစနစ်နဲ့ စတင် အလုပ်လုပ် ပါတယ်။ နျူကလိယ ဗုံးဟာ လေထုထဲမှာ ရှိတဲ့ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင် အပြင် အခြားသော ဓာတ်ငွေ့ အားလုံးနဲ့ ဓာတ်ပြုပြီး အဆင့်ဆင့်မျိုးပွားပါတယ်။ အသေးစိတ်ဆိုရင် သူတို့ရဲ့  အက်တမ်တွေရဲ့ နျူကလိယ အလယ်ဗဟိုအားလုံးကို ပွတ်တိုက်ပါတယ်။ ဒီတော့ အဆိပ်ဖြစ်စေတဲ့ Co, N ဓာတ်ငွေ့များအပြင် မီးလည်း လောင်စေ ပါတယ်။ Fireball လို့ခေါ်တဲ့ မီးလုံးကြီး တက်လာပါတယ်။
ယင်းမီးလုံးဟာ ၂ စက္ကန့်အတွင်း မီတာ ၆၀၀ အထိ အပေါ်တက်ပါတယ်။ ဒါကြောင့် ၁၂ ကီလိုမီတာအထိလည်း ဆက်တက်ဖို့ မခဲယဉ်းပါဘူး။ မှိုပွင့်ကြီးလို့ အမြင့်ကြီးကို တက်ပါတယ်။ ယင်းမီးလုံးရဲ့ အပူချိန်ကလည်း ၄၄၀၀ ကီလိုဂရမ် အက်တမ်းဗုံးဆိုရင် ဖာရင်ဟိုက် ၇၀၀၀ ကျော်အထိ တက်နိုင်ပါတယ်။ ဒါက ကမ္ဘာစစ်ကာလက နျူကလိယဗုံးကိုအခြေံပြီး တွက်ချက်တာ ဖြစ်ပါတယ်။ ယနေ့ခေတ် နျူကလိယဗုံးက အရင်ကလောက် မကြီးတော့ပါဘူ။ အလေးချိန်လည်း ကျသွားပါတယ်။ သို့ပေမယ့် ပြင်းအား ကျတော့ အဆပေါင်းများစွာ တက်လာပါတယ်။
ရလဒ်ဆိုးကျိုး
နျူကလိယဗုံး ပေါက်ကွဲမှုကြောင် မီးလောင်ပျက်ဆီးမှုကတော့ သာမန်ဗုံးလို ပါပဲ သို့ပေမယ့် ကျန်ရှိတဲ့ ဆိုးကျိုးကတော့ ကမ္ဘာ့အဆိုးရွားဆုံး ပဲ ဖြစ်ပါ တယ်။ နျူကလိယဗုံးကြဲပြီးသွားပေမယ့် ၁၀ နှစ်ကြာတောင် ယင်းဒေသ မှာ ရေဒီယိုဓာတ် ကြွယ်ဝနေဆဲ ဖြစ်ပါတယ်။ ရေဒီယို ဓာတ်ဆိုတာ ကိုယ်တွင်းအထိကို ထိုးဖောက်နိုင်တဲ့ ရောင်ခြည်တစ်မျိုး ဖြစ်ပြီး ဓာတ်ရောင်ခြည်အဆိပ်သင့် တယ်လို့ ခေါင်းစဉ် တပ်နိုင်တဲ့ ရောဂါပေါင်း များစွာ ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ကြောင့် သက်ရှိအားလုံးရဲ့  ဇီဝ စနစ်တွေအားလုံးကို ဖျက်ဆီးပါတယ်။ သေစေ ပါတယ်။ ပြောင်းလဲစေ ပါတယ်။ ဥပမာ- ငါးက မွေးပေမယ့် လူရုပ်ပေါက်နေတာတို့။ လူကမွေးပေ မယ့် တိရစ္ဆာန်ဖြစ်နေတာတို့၊ ဝက်ကမွေးပေမယ့် လူတစ်ပိုင်း ဝက်တစ်ပိုင်း ဖြစ် တာတို့၊ ခြေ လက် များစွာပါတဲ့ လူမွေးလာတာတို့၊ မြင်းနွား အစရှိသဖြင့် ထူးထူးခြားခြား ဇီဝပြောင်းလဲမှု အထိ ဖြစ်စေပါတယ်။ အပင်တွေလည်း မပေါက်တော့ပဲ ပေါက်တဲ့အပင်ကလည်း အဆိပ်သင့်ပါတယ်။
အသုံးပြုခဲ့တဲ့ နျူကလိယဗုံး အရွယ်အစား အကြီးအသေးကိုလိုက်လို့ သူ့ပတ်ဝန်းကျင် မိုင်ပတ်ပတ်လည် အတိုင်းအတာအတွင်းထိ ထိရောက်မှုက နှစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။ ဒါကြောင့် နျူကလိယ ဗုံးကို အတတ်နိုင်ဆုံး အသုံးမပြုဖို့ ကမ္ဘာနိုင်ငံအားလုံးက နားလည် လက်ခံထားပါတယ်။
ကမ္ဘာမှာ နျူကလိယ စွမ်းအင်ပိုင်ဆိုင်တဲ့ နိုင်ငံအရေအတွက်တိုးလာ ပါတယ်။ ဗုံးအတွက်တင်မဟုတ်ပဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖို့အတွက် နျူကလိယ နည်းပညာကလည်း သက်သက်ရှိနေပါသေးတယ်။ သို့ပေမယ့် ဆက်စပ်မှုက သိပ်မဝေးပါဘူး။ အသုံးပြုပုံသာ ကွဲသွားတာဖြစ်ပါတယ်။ ပလူတိုနီယမ်၊ ယူရေနီယမ်တို့ကို အခြေခံထားခြင်း ဖြစ်တဲ့အတွက်လည်း ဓာတု အဆိပ်က ဗုံးနဲ့ သိပ်မကွာပါဘူး။ သို့ပေမယ့် စွမ်းအင်းရှားပါးလာ တဲ့ ခေတ်မှာ ယင်း သတ္တုများက ထွက်ပေါက်လို့ အများက ယူဆနေခြင်း ဖြစ် ပါတယ်။
အနှစ်ချုပ်
အနာဂတ်မှာ စွမ်းအင်ရှားပါးလာတဲ့အခါ သဘာဝအတိုင်းရတဲ့ နေရောင်ခြည် တို့လို ဟာကိုသုံးမလား နျူကလိယစွမ်းအင်ကို သုံးမလားဆိုတာ စဉ်းစားစရာ ရှိနေပါတယ်။ ဒါတွေအတွက်လည်း ပညာရှင်များလိုအပ် ပါတယ်။ လျှပ်စစ်စွမ်းအင်၊ ဓာတုဗေဒစွမ်းအင်ကို အကောင်းဆုံး သိရှိနားလည်တဲ့ ပညာရှင်များ ပိုမို ပေါက်ဖွားလာမှသာ ယင်းအခက်အခဲများ ကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်ကမ္ဘာမှာ နျူကလိယစွမ်းအင် လို မဟုတ် ပဲ အခြားသော အန္တရာယ်နည်း စွမ်းအင်စနစ် တစ်ခုခုသို့မဟုတ် သဘာဝ စွမ်းအင်များကို ခွဲဝေအသုံးချနိုင်ရေး အတွက် ကမ္ဘာအရပ်ရပ်က ကြိုးပမ်းဆောင်ရွက်လျက် ရှိသလို မြန်မာပြည်ကလည်း အားကိုးအားထား ရတဲ့ စွမ်းအင်စနစ်တစ်ခု ပေါ်ပေါက်လာရန် ကြိုးစားလုပ်ဆောင်သင့်ကြောင့် ဆန္ဒပြုရင်း နိဂုံးချုပ်လိုက် ရပါတယ်။
Eagle Black....မှ ကူးယူဖော်ပြပါသည်....။

Friday, March 1, 2013

ပြင်ဦးလွင်သမိုင်း(၁)

၁၇၈၇ ပြင်ဦးလွင် အမည်မပေါ်ပေါက်ခင်က ပြင်ဦး ဟူသောအမည်ဖြင့်ရွာတည်ရှိခဲ့ပြီ ဖြစ်ကြောင်း
 ဘိုးတော်ဘုရား၏ အမိန့်တော် တစ်ခုတွင်တွေ့ရှိရသည်...။

၁၈၅၀ ပုဂံမင်းလက်ထက် ပြင်ဦးလွင်ရွာ ဟု အမည်ပေးခဲ့သည်...။

၁၈၈၆ မြင်စိုင်းမင်းသား ခေါင်းဆောင်သောနယ်ချဲ့ ဆန့်ကျင်ရေး အင်အားစုသည် ဇီးပင်ကြီးစခန်းမှာ ခုခံတိုက်ခိုက်သည်....။ နိုဝင်ဘာလတွင် ပြင်ဦးလွင်သည် နယ်ချဲ့ဗြိတိသျှလက်အောင်ကျရောက်ခဲ့သည်...။

၁၈၈၇ စင်္ကြမင်းသား အမည်ခံ သူ့ကျွန်မခံ ပုဂ္ဂိုလ်တစ်ဦး အင်အား ၃၀၀ နှင့်အတူ ပြင်ဦးလွင်ဒေသတွင် အင်္ဂလိပ်ကို တော်လှန်သည်။ လယ်မတိုက်ပွဲတွင် ပြင်ဦးလွင်ကိုအုပ်ချုပ်နေသော စစ်ဘက်မှ ဗိုလ်ဒါရာ
[Tt. Darrah]ကျဆုံးသည်...။ ။

၁၈၉၅ ဒီဇင်ဘာလတွင် မြို့ဟောင်းနှင့် ပြင်ဦးလွင် မီးရထားလမ်း စတင်ဖောက်လုပ်သည်...။ 

၁၈၉၆ ဇွန်လတွင် မြန်မာပြည်၏ ယာယီ တိုင်းမင်းကြီးချုပ် မစ္စတာ ဒီအမ် စမီတန် [Mr. D. M. Smeaton] နှင့် မြန်မာပြည် အင်ဂျင်နီယာချုပ် မစ္စတာဟွိုင်းဖောက် [Mr. HoyFox,A.R.I.R.A]
တို့ပြင်ဦးလွင်သို့ရောက်ရှိလာပြီး တောင်စခန်းမြို့အဖြစ်ရွေးချယ်တည်ဆောက်ရန်ဆုံးဖြတ်သည်။

၁၈၉၇ ပြင်ဦးလွင်ကို (မေမြို့) ဟု အမည်ပြောင်းသည်...။ ။

၁၉၀၀ ဧပြီလ ၁ရက်နေ့တွင် မြို့ဟောင်းနှင့် မေမြို့မီရထားလမ်းဖွင့်သည်...။ ။ မေလ၂၀ ရက်နေ့မေမြို့မှ နောင်ချိုမီးရထားလမ်း ဖွင့်သည်။

၁၉၀၁ မေမြို့ လူဦးရေ ၁၂၅၉ ဦးရှိသည်...။ ။

၁၉၄၁ စစ်သုံးပန်းများဖြင့် ကန်တော်ကြီးကို တူးဖော်သည်... ။ ။

၁၉၁၇ ရုက္ခဗေဒဥယျဉ်ကို တရားဝင် တည်ထောင်သည်... ။ ။

၁၉၁၉ စာရေးဆရာကြီး မောရစ် ကောလစ် မေမြို့နယ်ပိုင်-၀န်ထောက် အဖြစ် ထမ်းဆောင်ရသည်...။

၁၉၂၁ ပထမဦးဆုံး အကြိမ် သန်းခေါင်စာရင်းကောက်ယူရာ လူဦးရေ ၁၆၅၅၈ ဦး ဖြစ်သည်...။ ။

၁၉၂၃ ဇန်န၀ါရီလ ၁ ရက်နေ့တွင်မေမြို့ မြူနီစီပယ်အဖွဲ့ကို ဖွဲ့စည်းသည်... ။

၁၉၃၆ မေမြို့နာရီစင်ကြီး[Purcell Tower]ဖွင့်သည်... ။ ။

၁၉၄၂ ဖေဖော်ဝါရီလတွင် အင်္ဂလိပ် လက်ထက်မြန်မာနိုင်ငံ အစိုးရအဖွဲ့ရန်ကုန်မှ 

မေမြို့သို့ပြောင်းရွှေ့လာသည်....။ မေလတွင် မေမြို့ကို ဂျပန်သိမ်းသည်... ။

 ဂျပန် အမှတ် (၁၅) တပ်မတော် စစ်ဌာနချုပ် မေမြို့သို့ ပြောင်းရွှေ့လာပြီး ယခု အထက (၄) နေရာတွင် စစ်ဌာနချုပ်ဖွင့်သည်။ အင်ဖာတိုက်ပွဲအတွက် စီစဉ်သည်။

၁၉၄၄ စက်တင်ဘာလ  ၈ရက်နေ့စွဲဖြင့် ဂျပန်ခေတ်ဒေါက်တာဘမော် အစိုးရက အမိန့်ကြော်ငြာစာဖြင့် မေမြို့ကို  (ပြင်ဦးလွင်)  ဟုပြင်ဆင်သတ်မှတ်ခဲ့သည်။

၁၉၄၅ မတ်လ ၁၉ ရက်နေ့တွင် ဗြိတိသျှ အမှတ် (၁၉) တပ်မဟာ၊ ဘရီဂိတ် (၆၂) က မေမြို့ကို ဂျပန်လက်မှ ပြန်သိမ်းယူသည်။

၁၉၄၇ မတ်လ ၂၇ ရက်၊ ပင်လုံစာချုပ်နောက်ဆက်တွဲ ရီးစ်ဝီလျံ စုံစမ်းရေးမော်မရှင် မေမြို့တွင် ရုံထိုင်ပြီး အချို့တိုင်းရင်းသားလူမျိုးများ မြန်မာနှင့် ပေါင်းလို/မလိုစုံစမ်းမေးမြန်းခဲ့သည်။

၁၉၄၈ မေမြို့အ၀င် ကျောက်တော်တွင် လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် သံဃာ၊ ပြည်သူနှင့် တပ်မတော် ပူးပေါင်း လွတ်လပ်ရေး အောင်စေတီး ဘွဲ့အမည်ဖြင့် စေတီတည်သည်။

၁၉၄၉ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင် ကရင်သောင်းကျန်းသူ (ကေအင်ဒီအို) များမေမြို့ ကိုသိမ်းပိုက်သည်။

 ကရင်သောင်းကျန်းသူများကို ယောက်ျားများနှင့် အတူ ရင်ပေါင်းတန်းပြီး ရဲစွမ်းသတ္တိပြတိုက်ခိုက်ခဲ့ရာ မှ သူမ လက်ချက်ကြောင့် သောင်းကျန်းသူ အတော်များများ သေဆုံးခဲ့သည်။ ထို့နောက်
ကရင်သောင်းကျန်းသူများက ဖမ်းဆီးရမိသွားပြီး ၈-၄-၄၉ ရက်နေ့တွင် သတ်ပစ်လိုက်သည်။ (နိုင်ငံတော်က သူ့အားနောင်သောအခါ သူရဘွဲ့ ချီးမြှင့်ခဲ့သဖြင့် (သူရ မချစ်ပို) ဟု ထင်ရှားခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့တွင် ဗမာ့တပ်မတော် နှင့် ပြည်သူလူထုပူးပေါင်းပြီး ကရင်သောင်းကျန်းသူလက်မှ မေမြို့ကို ကယ်တင်နိုင်ခဲ့သည်။

၁၉၅၃- ယူဂိုဆလပ် သမ္မတ မာရှယ်တီတိုး၊ တရုတ်ဝန်ကြီးချုပ် ချောင်အင်လိုင်း၊ အစ္စရေးသမ္မတ မစ္စတာဗင်းဇီး၊ စစ္စရေး ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ်ဘင်ဂးရီယန်၊ ဆိုဗိယက် ရုရုား ၀န်ကြီးချုပ်
ဘူဂါနင်နှင့် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးမစ္စခရူးရှက်၊ ကမ္ဘေားဒီးယားမင်းသားကြီးသီဟာနု၊ လာအိုဘုရင်တို့ ပြင်ဦးလွင်သို့ လာရောက်လည်ပတ်ကြသည်။

၁၉၅၃ ပြင်ဦးလွင်မြို့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း [YMBA] မှ မဟာဒုတ်မြသပိတ်ပွဲတော် စတင်ကျင်းပသည်။

စစ်တက္ကသိုလ်ကို ဗထူးမြို့မှ မေမြို့သို့ပြောင်းရွှေဖွင့်လှုစ်သည်။

၁၉၅၉ ဘုရင်ခံကုန်းတွင် လွတ်လပ်ရေးကျောက်တိုင်နှင့်မြို့တော်ခန်းမ တည်ဆောက်သည်။

၁၉၆၂ တော်လှန်ရေးကောင်စီအစိုးရ အုပ်ချုပ်သည်။

၁၉၆၄ ဒီဇင်ဘာလ ၁၂ ရက်တွင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီယူနစ် စတင်ဖွဲ့စည်းသည်။

၁၉၇၁ မတ်လ ၃၀ ရက်မှ ဧပြီလ ၆ရက်နေ့အထိ မြို့တည် (၇၅) နှစ်မြောက်ပွဲတော်ကို မေမြို့အားကစားကွင်း တွင်ကျင်းပသည်။

တစ်မြို့နယ်လုံး (အ) သုံးလုံးသင်တန်းဖွင့်ပြီး စာမတတ်သူ ၆၅ ရာခိုင်နှုန်း စာတတ်မြောက်စေခဲ့သည်။

၁၉၇၄ ဇန်န၀ါရီလ ၂၇ ရက်တွင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကျင်းပသည်။

၁၉၈၀ မြို့နယ် စာပေလုပ်သားအဖွဲ့ ဖွဲ့စည်းသည်။

၁၉၈၃ စက်တင်ဘာလ ၂ ရက် မေမြို့မှ မန္တလေးသို့ထွက်ခွာသော လူစီးလော်ကယ်ရထားအမှတ် (၁၃၄)သုံးတောင်ဘူတာနှင့် ဇီးပင်ကြီးဘူတာအကြား တိမ်းမှောက် ခရီးသည်၅၃ ဦးသေဆုံးပြီး ၂၂၅ ဦး ဒဏ်ရာရှိသည်။