“ဘလော့ဂါ” Blogger ဆိုတာက အဲသလို မိုးပေါ်မှာ စာရေးတဲ့သူတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာ အင်တာနက်ဂျာနယ်လစ် လို့ခေါ်ကြတာရှိသလို နိုင်ငံသားဂျာနယ်လစ်လို့ ခေါ်ကြတာလည်း ရှိရဲ့။ သူ့အကြောင်းနဲ့သူလို့ ဆိုရပါလိမ့်မယ်။ ဒီလို အွန်လိုင်းပေါ်မှာ စာရေးကြတာမျိုးကို “ဘလော့ဂင်း” Blogging လို့ခေါ်ပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့ဂါတွေစုပြီး အကြောင်းအရာတစ်ခုခုကို “တည်” ဆွေးနွေးကြ တာမျိုးကိုလည်း “ဘလော့ဂင်း” လို့သုံးလာကြပါတယ်။
“ဘလော့လုပ်ရှားမှု” ဟာ စခါစကတော့ သာမန်လို့ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့သဘော့မို့ ဒိုင်ယာရီရေးတာနဲ့ တူတယ်။ မကွာလှ ပါဘူး။ ရေးကြ ပြောကြတဲ့ အကြောင်း အရာအများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ “မာမီက ပြောတယ်၊ ဒီနေ့မိုးရွာမယ်” တဲ့ စတာမျိုး။ နောက်တော့ အများနဲ့သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ ဘလော့လုပ် လာကြတယ်။ ဘလော့ဂါ အချင်းချင်းလည်း အပြန်အလှန်ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာတယ်။ ဒါကြောင့်လည်း “အင်တာနက်ဂျာနယ်လစ်”လို့ ခေါ်လာကြတာဖြစ်မယ် ထင်ပါရဲ့။
ဘလော့လှုပ်ရှားမှုရဲ့ ထူးခြားချက်က ဘာအကန့်အသတ် အထိမ်းအချုပ်မှ မရှိတာပါ။ ဥပဒေနဲ့ ကန့်တာထိမ်းတာ မပြောနဲ့၊ အယ်ဒီတာတောင်မရှိဘူး။ ကိုယ်ရေးချင် ၊ ပြောချင်တာကို လွတ်လွတ်လပ်လပ်ရေးချကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့လူတွေဘက်ကလည်း အရေးယူဖို့မလွယ်ပါဘူး။ အခုလို အထိန်းအချုပ်မရှိလို့ ဗရမ်းဗတာဖြစ် တာမျိုး ရှိသလောက်ရှိပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ သတင်းစီးဆင်းမှုကို အားပေးတာတော့ အမှန်ပဲ။ နိုင်ငံသားအခွင့်အရေး (Citizen Right) ကို အပြည့်အ၀ အသုံးချကြတာမို့ နိုင်သံသားဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်းရှိတယ်။
မီဒီယာလောကအနေနဲ့ ဘလော့ဂါ တွေကို အလေးထားလာရတဲ့ ကိစ္စကတော့ သူတို့ရဲ့ “ခရာမှုတ်သူ” (whistle blower) အခန်းကဏ္ဍကြောင့်လို့ဆိုပါတယ်။ C.B.S လိုအကျော်ဒေးယျမီဒီယာကြီးကိုတော
အီရတ်စစ်ပွဲ အကြိုကာလလောက်ကစပြီး မီဒီယာလောကသာမကတော့ဘူး နိုင်ငံရေးလောက , ကပါ ဘလော့ဂါတွေကို အလေးထားစောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိ့ဘလော့ဂါတွေရဲ့ အဘောထားအမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ် ဆိုပဲ။ ပညာရှင်တချို့ကဆိုရင် ဘလော့ဂါတွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနေကြတဲ့ “ခရုဆိတ်တာ” တွေလို့တောင် အမွှန်းတင်ကြတယ်။
ဘာပဲဖြစ်ဖြစ် ဘလော့လုပ်ရှားမှုဟာ စတာဘာမှ မကြာလှသေးပေမဲ့ အံသြလောက်အောင် အပြန့်ကျယ်လာတာတော့ သေချာတယ်။ အခုလောလောဆယ် ၀က်ဘ်ဆိုက်ပေါ်မှာ ဘလော့ပေါင်း သန်းဝက်ကျော်နေပြီလို့သိ့ရတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှ
Reference : စာရေးဆရာ ကျော်ဝင်း ၏ “ဆိုက်ဘာဓလေ့ အကောက်အယူများ” စာအုပ်မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါသည်။